ပုသိမ်ကြီး ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောက်မီးတိုက်နယ်ဆေးရုံ ဒေါက်တာအောင်သီဟက သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပြည်သူလူထုအခြေပြု အနေဖြင့် အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း၊ အသက် ၁၂ နှစ်မပြည့်သေးသူ ကျောင်းပြင်ပ မိန်းကလေးများအား ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)