ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ခမောက်ကြီး  ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် မော်တော်ဆိုင်ကယ်၊ မော်တော်ကား စီးနင်းမောင်းနှင်သူများ၊ ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား  မီးသတ် ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေးပညာပေး  လက်ကမ်းစာစောင်များ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)