ဟိုမိန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဟိုမိန်း ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းလွန်ကျောင်း(ပန်သပြေ)၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုမိန်းမြို့ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းကောင်ငင်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးစသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)