ဘုတ်ပြင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ ခရိုင်/မြို့နယ်များ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ စိုက်ပျိုရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် ကျေးရွာများရှိ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များ၌ ပန်းတိုင်းအထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာများ စိစစ်မေးမြန်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဘုတ်ပြင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စု(၃) စုရှိ ကျေးရွာ(၅)ရွာမှ တောင်သူ ၁၀၀ အား စာရင်းကောက်ဝန်ထမ်းများက ကွင်းဆင်းစစ်တမ်း ကောက်ယူလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)