မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊အမျိုးသား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါတက္ကသိုလ်အားကစားခန်းမ တွင် ကျင်းပသည်။

အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပရာ  အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဓာတုဗေဒအသင်းနှင့်ပထဝီဝင်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်‌ ဒေါက်တာနေအောင်၊ ဒုတိယပါမောက္ခချုပ်ဒေါက်ကျော်လင်း၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများက အားပေးကြည့်ရှုသည်။ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းဖြင့် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်းခြောက်သင်းဖြင့် ဒီဇင်ဘာ ၁၇ ရက်မှ ၂ဝ ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။   

ချမ်းသာ