ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအဖြစ်ဆောင်ရွက်မည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ ယနေ့နံပိုင်းက ဟံမြင့်မိုရ် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။
မီးဘေးကာကွယ်ရေးဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာ အုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊ အဖွဲ့ဝင်များ ပူးပေါင်းပြီး ဟံမြင့်မိုရ်၊ ဇလဲ၊ ကိုးပင်ကျေးရွာအုပ်စုများ၌ မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများ၊ ဓမ္မာရုံများနှင့် ပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများ၊ လူနေအိမ်များ၌ မီးသုံးစွဲမှုများအား စစ်ဆေးခဲ့ပြီး မီးလောင်ခြင်း၊ မီးလန့်ခြင်းများကင်းဝေးစေရေး အသိပညာပေးခဲ့ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)