ငပုတော ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၄)ရက်နေ့ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ထုတ်ဆီးထိုး၊ အပ်ကြိုးထိုး၊ စကောရွက်၊ ဂုန်နီအိတ်စွပ်၊ စသည့်ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများကျောင်းတွင် ဒီဇင်ဘာ ၉ ရက်နေမှစတင်၍ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)