မိတ္ထီလာ ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၉၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထိလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးလျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ လျာထားသတ်မှတ်ပြီး စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်ရေများဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးဧက ၈၉၀ စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထားသတ်မှတ်ထားသည့် စိုက်ဧကများ သတ်မှတ်လျာထားချက်ပြည့်မီရေးနှင့် ပန်တိုင်အထွက်နှုန်းထွက်ရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်ကျေးရွာ အုပ်စုတွင် နွေစပါးစိုက်ဧက ၁၉၀၊ ညောင်ကိုင်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၀၊ ခင်လူးကျေးရွာ အုပ်စုတွင် နွေစပါးစိုက်ဧက ၅၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၂၀၀၊ ကဖြူကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၁၀၀ နှင့် မိုးကြိုဝါစိုက်ပျိုးဧက ၅၀၊ မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၅ဧက၊ သီးကုန်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၉၅ ဧကနှင့် ချောင်းကောက်ဆည်ရေဖြင့် မြာကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၁၀၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)