ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ မရမ်းကွင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးတာဝန်ခံ ဦးသန့်ဇင်ထွန်းမှ မရမ်းကွင်းကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အရွယ်ရောက်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားများကိုင်ဆောင်နိုင်ရေး ရပ်ကွက်ကျေးရွာများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)