မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများ ကံဦးဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း

သာစည် ဒီဇင်ဘာ ၁၇

ဒီဇင်ဘာ ၁၈ ရက်၌ ကျရောက်မည့် မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် ဝန်ထမ်းများက ကျောင်းဝင်းအတွင်းနှင့် ဘုရားရင်ပြင်တော်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး ဝန်ထမ်းများ စုပေါင်းထည့်ဝင်သော အလှူငွေ ကျပ်ငါးသောင်းကို ကျောင်းထိုင်ဆရာ‌တော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကေတီ (ပြန်/ဆက်)