ညောင်ဦး ဒီဇင်ဘာ ၁၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများဖွင့်လှစ်မည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ညောင်ဦးခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း မဲရုံဖွင့်လှစ်မည့် ရပ်ကွက်/ကျေးရွာအုပ်စုများဖြစ်သည့် စည်သာကျေးရွာအုပ်စုအတွင်း မဲရုံများသို့လည်းကောင်း၊ မြေနဲလေးကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အထက်ညည့်ကျေးရွာအုပ်စု၊ သစ်ထောင့်ကျေးရွာအုပ်စု၊ လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်မည့်မဲရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ အခြေခံပညာကျောင်းများအတွင်း ဖွင့်လှစ်မည့်မဲရုံများ၊ မဲရုံဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားကြရန် မဲရုံများ လေဘေး၊ ရေဘေး၊ မီးဘေးစသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိရန်နှင့် မဲရုံဆောင်ရွက်သည့်နေတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိသည်များ လိုအပ်သည်များ ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း