တံတားဦးမြို့နယ်၌ သီးနှံများ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူ

တံတားဦး ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများ စိုက်ပျိုးထားသော သီးနှံ (၁၀) မျိုး ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက တောင်သူများ စိုက်ပျိုးထားသော သီးနှံ (၁၀) မျိုး ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်းမကောင်းရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

အလားတူပြူကန်ကျေးရွာ၊ ငါးဇင်ရိုင်းကျေးရွာ၊ ချောင်းခွကျေးရွာ၊ စကားအင်းကျေးရွာနှင့် နွားခြံကြီးကုန်းကျေးရွာတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ အဖွဲ့ငယ်သုံးဖွဲ့ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ စစ်တမ်းများကောက်ယူကြောင်း သိရသည်။

ရဲတင့် (ပြန်/ဆက်)