ကျောင်းကုန်းမြို့၌ "ဒို့အတူတူ မဲပေးကြမယ်"  မြေစိုက်ပိုစတာစိုက်ထူ

ကျောင်းကုန်း ဒီဇင်ဘာ ၁၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေး ကျောင်းကုန်း မြို့ထိပ်၌ "ဒို့အတူတူ မဲပေးကြမယ်"မြေစိုက်ပိုစတာစိုက်ထူပွဲကို ဒီဇင်ဘာလ(၁၅)ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ  အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက "ဒို့အတူတူ မဲပေးကြမယ် " မြေစိုက်ပိုစတာ စိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်" ဒို့အတူတူမဲပေးကြမယ် " အသိပညာပေး လက်ကမ်းစာစောင်များအား လူစည်ကားရာ မြို့မဈေး၊အနှေးယာဉ်ဂိတ်၊ သင်္ဘောဆိပ်တို့၌ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)