ငပုတောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ငပုတော ဒီဇင်ဘာ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ စုပေါင်းရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရေကျော်ဆည်နှင့် ကျောင်းခြားရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

နေ့လယ်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ရေကျော်အောက်ကျေးရွာ ငြိမ်းချမ်းရိပ်မြုံသာသနာ့ဗိမ္မာန်၌ ရေကျော်ဆည်မှ စုပေါင်းရေပေးဝေရေးဆောင်ရွက်မည့် ကျေးရွာ(၁၇)ရွာ၏ ကျေးရွာရေကော်မတီဝင်များ၊ ကျောင်းခြားရေလှောင်တမံမှ စုပေါင်းရေပေးဝေရေးဆောင်ရွက်မည့် ကျေးရွာ(၆)ရွာ၏ ကျေးရွာရေကော်မတီဝင်များဖြစ်သော ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ(၂၃)ရွာမှ ရေကော်မတီများ (၆၂)ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၆)ဦး၊ စုစုပေါင်း (၆၈)ဦးနှင့်တွေ့ဆုံကာ ရေပေးဝေရေးကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြပြီး ကျေးရွာဒေသခံပြည်သူများမှ လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)