ကျုံပျော် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူက ကွင်းဆင်းကြည့်ရှုပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သင့်သည်များကို မှာကြားခဲ့ကြသည်။
အဆိုပါအင်းရဲလမ်း အရှည်(၇၂၀) ပေ၊ အကျယ် (၂၀) ပေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (၄၇.၉၂၈၃)သန်းဖြင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)