ဒဂုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး

ဒဂုံ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက အလုံလမ်းရှိ My Garden စားသောက်ဆိုင်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းဗိုလ်ကဦးဆောင်၍ အခွန်ဆိုင်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းဗိုလ်က အခွန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)