ဘားအံမြို့နယ်အတွင်း သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို စစ်တမ်းကောက်ယူ

ဘားအံ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဉ်း၍ အထွက်နှုန်းအပေါ်လွမ်းမိုးသောအချက်များကိုသိရှိနိုင်ရေးအတွက် ဒီဇင်ဘာ ၁၆ ရက်မှစ၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက မျိုး၊ မြေ၊ ရေ၊ နည်း/လုပ်အား အစရှိသည့်နည်းလမ်း ၄ သွယ်ကို အခြေခံ၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့်ကွင်းဆင်းတွေ့ဆုံ၍ စစ်တမ်းများကောက်ယူလျက်ရှိသည်။

ဘားအံမြို့နယ်တွင် သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပန်းတိုင်းအထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဉ်း၍ ပြည်နယ်/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် မျိုးကောင်း၊ မျိုးသန့်ရရှိခြင်းရှိ/မရှိ၊ မြေယာပြုပြင်မှုအားနည်းခြင်း/လိုအပ်ခြင်း၊ သွင်းအားစုများ ပြည်ပြည့်ဝဝ သုံးစွဲမှုမရှိခြင်း၊ စိုက်ပျိုးရေ/အောင်ရေလုံလောက်စွာမရခြင်း၊ လုပ်သားရှားပါးခြင်း၊ ကောက်ကွက်/ ပင်ကြားတန်းကြား ပြည့်မီအောင် မစိုက်ပျိုးနိုင်ခြင်းအစရှိသည့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း မကောင်းရခြင်း၏ အသေးစိတ်အချက်အလက်အကြောင်းအရာများကို မေးခွန်းများစိစစ်မေးမြန်း၍ မြေပြင်ကွင်းဆင်းစစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)