သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြို ဝတ်ပြုခြင်းပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့်  သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြိုဝတ်ပြုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်က အ-ထ-ကကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ  သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျေားမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားပြီး ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဆရာတော်ဘွယ်ထူးက ဆုတောင်းမေတ္တာပို့သပေးသည်။ ထို့နောက်ရှင်ယောဟန်အသင်းတော်မှ ဆရာတော် ပိကိုက ခရစ္စမတ်နှင့်ပတ်သက်သည့် တရားဒေသနာများဟောပြောပေးပြီး ကျောင်းသူ၊ ကျောင်းသားများက ခရစ္စမတ်သီချင်းများ သီဆိုခဲ့ကြသည်။

ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်လိုအေးက ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး  တက်ရောက်လာသည့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များအား  နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

နော်နော်မူ