အလုံ ဩဂုတ် ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်စည်ပင်ဝင်း ဝန်ထမ်းမိသားစုများအား ကြက်ဥသီးစုံ ထမင်းဘူးများကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီက အလုံစည်ပင်တပ်ခွဲမှူးရုံးတွင် အလှူရှင် ဦးမိုးအောင် (အိုပရဟိတအဖွဲ့) က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိသည်။
ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင် ထမင်းဘူး(၂)ဘူးနှုန်းဖြင့် အိမ်ထောင်စု (၁၂၆)စု အတွက် ထမင်းဘူး စုစုပေါင်း (၂၅၇) ဘူးကို လှူဒါန်းခဲ့ပြီး အလှူရှင် ဦးမိုးအောင်(အိုပရဟိတအဖွဲ့) ၏ တတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
တင်တင်ချို (ပြန်/ဆက်)