မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပ

‎‎‎မဟာအောင်မြေ ဒီဇင်ဘာ ၁၉

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကို မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

‎‎‎ဦးစွာ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရီရီချိုက အဖွင့်အမှာစကား ပြောကြားသည်။

‎‎‎ထို့နောက် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်မှူး၊ ဗိုလ်ကြီး ဟန်ဝင်းဇင်က တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောရာတွင် ၁၉၅၂ ခုနှစ်မှ စတင်၍ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ခုနှစ်အထိ တပ်ရင်းရှစ်ခုထိ ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်တို့ရှိ ကျောင်းသား/ ကျောင်းသူများ တက်ရောက်နိုင်စေရန် ဟောပြောပွဲများ လာရောက်ကျင်းပရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

‎‎ဆက်လက်ပြီး ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ သိလိုသည်များကိုလည်း မေးမြန်းဆွေးခဲ့ပြီး တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်မှူး၊ ဗိုလ်ကြီးဟန်ဝင်းဇင်အား မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း