ကျောက်ဆည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးစိုက်တောင်သူများအား ဝန်ဆောင်မှုပေးလျက်ရှိ

ကျောက်ဆည် ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းရာသီတွင် စပါးစိုက်တောင်သူများ ရိတ်သိမ်းချိန်လွန်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် စပါးစိုက်တောင်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာ၌ စပါးတစ်ဧကလျှင် ငွေကျပ် ၇၅၀၀၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့က ငါးလုံကုန်းကျေးရွာမှ တောင်သူဒေါ်ဌေးဌေးဝင်း၊ မြောင်းဦးကျေးရွာမှ  တောင်သူ ဦးစက်ပိုင်စိုး၏ စပါးစိုက်ခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့်  မိုးစပါးစိုက်ခင်းများအား ရိတ်သိမ်းခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စပါးစိုက်တောင်သူများအား စပါးရိတ်သိမ်းခြွေလှေ့ ခြင်းဝန်ဆောင်မှုများအပြင် ရိတ်သိမ်းပြီးစပါးစိုက်ခင်းများအား အခြားသီးနှံမျိုးစုံ အချိန်မီစိုက်ပျိုးနိုင်ရေး ထွန်စက်၊ ထယ်စက်များဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၆၂၅၀ ဖြင့် မြေပြုပြင်ခြင်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)