မြစ်သား ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Royal Bhone Myat Thu Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် မြစ်သား-စံပါယ်တောလမ်းဖြစ်သည့် လမ်းအရှည် (၀/၂) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက မြစ်သားမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါလမ်းပြုပြင်ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ (၈) ရွာ၊ အိမ်ခြေ (၃၇၉၈) အိမ်၊ လူဦးရေ (၁၈၆၃၁) ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားရေးတို့ကို ာအကျိုးပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)