ဒဂုံမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်

ဒဂုံ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ဒဂုံသူရိန်ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့နယ် ဦးစီးအရာရှိ ဦးကျော်သူဟိန်းက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဖတ်ရှုလိုသည့် စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်ဆက်)