ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်ခြံကုန်းမြို့နယ်၊ တိုက်ကြီကျေးရွာ၌ ကရင်သက္ကရာဇ်၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ယမန်နေ့ည ၆ နာရီက တိုက်ကြီးကျေးရွာ လယ်ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ကွမ်းခြံကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာက အဖွင့်အမှာစကားပြောကြာပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲတင့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူးထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားသည်။
ယင်းနောက် ကရင်ယဥ်ကျေးမှုစာပေဥက္ကဋ္ဌ ဦးစောငယ်မင်းက ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့၊ ယဥ်ကျေးမှု၊ စာပေအကြောင်း၊ ကရင်တိုင်းရင်းသားများအတွက် နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းများ၏ ရည်ရွယ်ချက်များအကြောင်း၊ ကရင်ရိုးရာပွဲတော်ကို မျိုးဆက်သစ်လူငယ်များက ရှေးဘိုးဘွားတို့၏ ရိုးရာအစဉ်အလာအတိုင်းယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ကရင်တိုင်းရင်းသား၊ တိုင်းရင်သူများက တေးသီးချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာအက၊ ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေပြီး ကရင်နှစ်သစ်ကူးနေ့တွင် အားကစားနည်းမျိုးစုံးဖြင့်ပျော်ပွရွှင်ပွဲများဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကွမ်းခြံကုန်းမြို့နယ်ကိုယ်စား တိုက်ကြီးကျေးရွာနှင့် ကရင်ကျေရွားများမှာလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)