မိုးညှင်း ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများဖွင်လှစ်ရန် လျာထားသည့် နေရာများတွင် မဲရုံဖွင့်လှစ်နိုင်ရန်နှင့် လွှတ်တော်အသီးသီးအတွက် (MEVM) မဲပေးစက်များ ထာရှိနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်ကောင်း၊ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်တွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း အဖွဲ့သုံးဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်လေး