မြစ်သား ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက ကျန်တောကျေးရွာအတွင်းရှိ အထွေထွေရောဂါလူနာများ၊ ကိုယ်ဝန် ဆောင်နှင့် သားဖွားမီးယပ်လူနာများ၊ အရိုးအကြောနှင့်ပတ်သက်သည့် လူနာမျာ၊ ကလေးငယ်များအပါအဝင် လူနာ ၉၇ ဦးအား ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာနေပြည်သူများ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် သောက်သုံးရေ ကန်များ၊ ရေအိုများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များ စသည့်ခြင်ခိုအောင်း နိုင်သည့်နေရာများတွင် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိမ်ခြေ ၃၆ အိမ်အတွက် ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်