ကလော ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ မြန်မာ့သမဝါယမစတင်ခြင်း(၁၂၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု(ဒုတိယ)ဆုရရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအား ယမန်နေ့ ၁၀ နာရီက တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
ထိုသို့ ဆုများပေးအပ်ရာတွင် ကလောမြို့နယ်သမဝါယမအသင်း ဦးစီးအရာရှိ ဦးညီညီအောင်နှင့်အသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းနှင့်တာဝန်ရှိသူများက ဘုရားပျိုအသင်းအမှုဆောင်များနှင့်အသင်းသားများအား ဒုတိယဆုကို ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဘုရားပျိုကျေးရွာရှိ ရွှေဥဒေါင်းဓမ္မာရုံ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)