လှိုင်သာယာ (အနောက်) ဒီဇင်ဘာ ၂၁
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုနှင့် ကျိုင်းစွမ်းရည် ဒုတိယဆုရရှိခဲ့သည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က (၂) မှ ဆုရရှိခဲ့ကြသည့် ကျောင်းသား / သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အ.ထ.က (၂) အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အင်းစိန်ခရိုင်ပညာရေးမှူး ဦးညီထွေး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဆုရ ကျောင်းသား / သူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဆုရဘင်ခရာတပ်ဖွဲ့မှ သံစုံတီးဝိုင်းဖြင့် တီးမှုတ်ဖွင့်လှစ်ပြီး၊ ခရိုင်ပညာရေးမှူး ဦးညီထွေးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်၍ အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီးက ဂုဏ်ပြုပေးကြသည့် ပုဂ္ဂိုလ်များနှင့် ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အသင်းလိုက် ပထမဆုရ ဘင်ခရာအဖွဲ့များအား တစ်ဦးချင်းစီ ဂုဏ်ပြုဆုများချီးမြှင့်ပေးကြပြီး ကျိုင်းဒုတိယဆုရရှိသည့် Grade -8 ကျောင်းသား မောင်ထွန်းသက်ဝင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်သန်း (ပြန်/ဆက်)