မြစ်သား ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပေါက်မြိုင်ကျေးရွာအုပ်စု၌ တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရာတွင် ဘိလပ်မြေ၊ ကျောက်မှုန့်၊ သဲရောစပ်ကာ ပြုလုပ်ရသည့်လုပ်ငန်းဖြစ်ပြီး ဘိလပ်မြေတစ်အိတ် ငွေ ၁,၇၀၀၀ကျပ်၊ သဲတစ်စီး ၆,၅၀၀၀မှ ၈,၅၀၀၀ ကျပ်ကုန်ကျကာ ရောင်းအားကောင်းသည့် ကွန်ကရစ်ကျောက်တိုင်၊ ရေကန်များ၊ ရေချိုးကန်များ၊ နွားကျွေးကန်များ၊ မိလ္လာဂွေများ၊ မိလ္လာကန်အဖုံးများ၊ ပန်းပျိုးကန်များ စသည့်ပစ္စည်းများကို ပြုလုပ်ရောင်းချကြောင်း သိရသည်။
တစ်ခါတစ်ရံကျေးလက်လမ်းများ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပြွန်များလည်း ရောင်းချရပြီး ရောင်းစျေးများကို ဝယ်လိုအားအပေါ်မူတည်၍ ဈေးအနည်းငယ်သာတက်၍ ရောင်းချကြောင်း ပေါက်မြိုင်ကျေးရွာနေ အောင်ရတနာကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ဦးအောင်မြင့်ထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)