တီးတိန်မြို့၌ ကြိုတင်မဲပေးခြင်းဆောင်ရွက်

တီးတိန် ဒီဇင်ဘာ ၂၂

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ‌ ရွေးကောက်ပွဲကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ကြရာ နယ်မြေလုံခြုံရေးထမ်းဆောင်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြိုတင်မဲများပေးကြကြောင်း သိရသည်။

ထိုသို့ကြိုတင်မဲများ လာရောက်မဲပေးရာတွင် မြို့နယ်ကော်ရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)