ငပုတော ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ၂၀၂၅-၂၀၂၆ ခုနှစ်ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၆၆)(ဘီ)၊ ဦးပိုင်အမှတ် (၇/၈)၊တောင်သူ ဦးစိုးချစ်၏ လယ်မြေတွင်(၃)ဧကတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းက တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများအား ဆောင်းနေကြာစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက်တိုးပြီး ပြည့်မီအောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေး ကော်မတီအဖွဲ့ဝင် ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်နေလွင်ထွန်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီများနှင့် တာဝန်ရှိသူများက ရေဆင်းစပ်မျိုးနေကြာ (၁)နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)