ပဲခူးမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေး

ပဲခူး ဒီဇင်ဘာ ၂၃

ပဲခူးမြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူးပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ပဲခူးမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများက နေ့ချင်းပြီးဆောင်ရွက်ပြုလုပ်ပေးနေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆)မှာပါရှိပြီး အသက်(၁၈)နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊(ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)မည့် သူများကို  မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပြုလုပ်ပေးလျှက်ရှိပြီး လုပ်ဆောင်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များ၏လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)