ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် SRI စိုက်နည်းစနစ်ဖြင့် ဧရာမင်းစပါး (FS -RS) မျိုးအဆင့် စိုက်ပျိုး

ကလေး ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် ဧရာမင်းစပါး (FS-Rs) မျိုးအဆင့် စိုက်ပျိုး ခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဒေါ်ခင်သိန်းမြင့် (ခေါ်) ဒေါ် အဲလေး၏ လယ်မြေအတွင်းတွင်စိုက်ပျိုးကြသည်။

အဆိုပါ စိုက်ပျိုးကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများကို ကလေးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု- လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းဦးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ပျိုးထောင်ရာတွင် သိရှိရ မည့်အချက်များ၊ မျိုးထုတ်ကွက်စိုက်ပျိုးခြင်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းဖုန် (ပြန်/ဆက်)