ကျုံပျော်မြို့နယ်တွင် နေကြာကျင်း (၁၀၀၀) ဆီတစ်ပုံး စိုက်ပျိုးခြင်းပြုလုပ်

ကျုံပျော် ဒီဇင်ဘာ ၂၆

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စု  ရေနောက်ကျေးရွာ ကွင်းအမှတ် (၁၀၆၃)  တောင်သူ ဦးမောင်မြင့်၏ လယ်မြေဧရိယာ  ၇ ဧက၌ မျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် နေကြာကျင်း(၁၀၀၀) ဆီတစ်ပုံး စိုက်ပျိုးခြင်းကို  ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်  ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းညွန့်ဇင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးရခြင်းနှင့် ကျင်း(၁၀၀၀) ဆီတစ်ပုံး စိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်၊ သဘာဝမြေဩဇာဖြစ်သည့်  စပါးခွံမြေဆွေး (စူပါဘိုကာရှီ) ပြုလုပ်ထားရှိမှုနှင့်  အသုံးပြုနိုင်သော အရည်အသွေး ရရှိမှုတို့အား တက်ရောက်လာသူများအား လက်တွေ့ ပြသခဲ့ကြသည်။ ထို့နောက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က  ဒေသတွင်း စိုက်ပျိုးထားသည့် နေကြာခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)