ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေး

ကျောက်ဆည်  ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့  ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲများပေးရာ၌ မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကဒ်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှထုတ်ပေးသည့် ဝန်ထမ်းကဒ်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး မိမိတို့ဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင် ဆန္ဒပြု၍ ဆန္ဒမဲပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာ အုပ်စု ၈၇ အုပ်စုရှိပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)