ကြံခင်းမြို့၌ ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကြံခင်း ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရီခန်းမ၌ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ယာယီနေ့ရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ကြံခင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်တို့က ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများ အသီးသီးပေးအပ်ခဲ့ကြသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ် ခြောက်သောင်း စိ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)