ဝမ်းတွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်း အနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ(မိတ္ထီလာ) အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေ အကြောင်း သိကောင်းစရာများဖြစ်သည့် အာမခံအလုပ်သမားများ အကြောင်း၊  မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊  ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ အာမခံအလုပ်သမားသေဆုံးလျှင် နာရေးစရိတ်ခံစားခွင့်၊  အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေး အကျိုးခံ စားခွင့်စသည့် အကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။  ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက  အာမခံအလုပ်သမားဦးရဲထွဋ်ကျော်အား လုပ်ငန်းခွင် အတွင်း ထိခိုက်မှုကြောင့်အမြဲ တမ်းမသန်းစွမ်းမှု အကျိုးခံစား ခွင့်ငွေကျပ် သိန်း ၆၃၅၀၄၀၀ အား ပေးအပ်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊  အလုပ်ရုံ၊  အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များကို ဥပဒေပါသတ်မှတ် စည်းကမ်းချက်များနှင့် အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေလွန်းပျံ