ကျိုက်လတ် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆူးဂဏန်းကျေးရွာ အုပ်စု၊ ဂွေးချောင်းကြီး ကျေးရွာ၊ ဂွေးချောင်းလေးကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲကို ဒီဇင်ဘာ (၂၄)ရက် နေ့လယ်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်ကို ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း မီတာများတပ်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်