မြစ်သားမြို့နယ်ကင်းစိန်စျေးကျေးရွာအုပ်စု၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

မြစ်သား ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကင်းစိန်စျေးကျေးရွာအုပ်စု ကွင်းအမှတ် (၄၈၇)ကွင်း၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိနေကြောင်း သိရသည်။

  မြစ်သားမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၉၂ အုပ်စု ရှိပြီး အဓိကစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ယခုအခါ ဒေသစိုက်ပျိုးသည့်ဖူးစားပြောင်းအဖြစ် ထိုင်ဝမ်ပြောင်းချိုကိုလည်း စိုက်ပျိုးကြကြောင်း၊ ပြောင်းစိုက်ရာမှာ နွေ၊ မိုး၊ ဆောင်း ရေတင်၍စိုက်ပျိုးကာ ကင်းစိန် စျေးကျေးရွာတွင် ဖူးစားပြောင်းစိုက်ခင်းများ ၀ ဒသမ ၂၅  ဧကစိုက်ပျိုး ထားရာငွေ ၅,၀,၀၀၀၀ ကျပ် ကုန်ကျပြီး လက်ရှိပြောင်းဖူးတစ်ဖူးကြီးရင် ငွေ ၇၀၀ ကျပ်၊ သေးရင် ငွေ ၅၀၀ ကျပ် ရောင်းချရကြောင်း၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းများစိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများအား မြို့တွင်းဈေးများနှင့်နီးစပ်ရာမြို့များသို့ ရောင်းချကြကြောင်း မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအုပ်စု၌ ဖူးစားပြောင်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)