သန်လျင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ

ရန်ကုန် ဒီဇင်ဘာ ၂၅

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား  သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်တွင် သန်လျင်မြို့ အ.ထ.က(၁)ရတနာရှင်သန့်ခန်းမ၌ ပြုလုပ်သည်။

ထို့သို့ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူနေမှုအခြေအနေတို့အား သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ လိုက်လံကြည့်ရှုကာ  သန်လျင်ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအား   လိုအပ်သည်များကို ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)