ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9)ပြီးမြောက်မှုစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ပြီးမြောက်မှု စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာမေးပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းခဲ့သည်။

ထို့နောက် ခရိုင်အဆင့်တက်ရောက်ခဲ့ပြီးသော နည်းပြများက အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9)ပြီးမြောက်မှုစာမေးပွဲနှင့် ပတ်သက်၍ ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)