ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေ

ကျောက်ဆည် ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမ၌ ယနေ့နက် (၈) နာရီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေရာတွင် ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးကြည်ရှိန်၊ အတွင်းရေးမှူး ဦးအောင်ဟိန်းနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ ပူးပေါင်း၍ ရက်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများထံသို့ စနစ်တကျဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ စုစုပေါင်း ၉၇ အုပ်စုရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၈၉ ရုံ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက် ၇၅၆ လုံး အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်