မြောင်းမြ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များအား ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းမှ စတင်ခွဲဝေထုတ်ပေးခဲ့သည်။
မြောင်းမြခရိုင်တွင် မြောင်းမြမြို့သည်ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်နေပြီး ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ကုန်းလမ်း/ရေလမ်းဖြင့် စတင်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၄) အုပ်စု၊ မဲရုံပေါင်း (၂၃၆) ရုံအတွက်မဲပေးစက်နှင့် အရန်မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ထုတ်ပေးခဲ့ပြီး လိုအပ်ချက်များ မရှိစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)