ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံးမြို့ပေါ်ရှိမဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

ဟိုပုံး ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲရုံများ လျာထားပြင်ဆင်ထားမှု အခြေအနေများအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဟိုပုံးတပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့ မြို့ဦးရပ်ကွက်၊ တောင်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ အနောက်ရပ်ကွက်၊ အရှေ့ရပ်ကွက်၊ မြို့ဦးကွက် သစ်ရပ်ကွက်များ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး မဲရုံများ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တို့နှင့်ပတ်သက်၍ သွားရောက်ကြည့်ရှုကြရာ မဲရုံတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုအပေါ် ဟိုပုံးတပ်နယ်မှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)