ညောင်တုန်းမြို့နယ်၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဆောင်ရွက်သည့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြော၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက အမှိုက်အမျိုးအစားများနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်ဖြူက သဘာဝဘေးအန္တရာယ်အမျိုးအစားများနှင့် ဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်မှု နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဝောာအုပ်ဦးသက်ပိုင်စိုးက သစ်ပင်အမျိုးအစားများနှင့် သစ်တောများထိန်းသိမ်းခြင်း အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး‌ကျော်လင်းနိုင်က မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း ကျေးရွာနေပြည်သူများသို့ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)