ပုသိမ် ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း(၀/၄.၆၉၇ မိုင် × ၁၆'-၀"x ၄-၀") ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း(၀/၁.၃၆ မိုင် × ၁၂'-၀"x o'-၆") နှင့် Box Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ၂(၅'×၁၈၅) ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ မအူပင်- ကဇန်းလမ်း ကားလမ်း ဘေးဝဲဘက်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါက မြောင်းတာဘောင်များ၊ မြေလွတ်များတွင် သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ မဲရုံများသို့ထုတ်ပေးရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ မအူပင်မြို့၊ မြို့လယ်ကျောင်းရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ ရေလဲကလေးကျေးရွာ၊ မဲရုံအမှတ်(၃)သို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ တောင်သူဦးသိန်းဇော်ဝင်း၏ စိုက်ဧကတွင် Super Sun-41 နေကြာ(၃)ဧကနှင့် ရေဆင်း(၁၅)ပဲပုပ်မျိုး (၃)ဧကစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ ဆီဖူလုံရေးအတွက် ဖြစ်နိုင်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နေကြာစိုက်ခင်းခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာရှိ စိုင်းဟီဟအသားစားကြက်ခြံသို့ သွားရောက် ၍ အသားစားကြက် (၁၅၅၀၀၀)ကောင်မွေးမြူထားရှိမှု များကို ကြည့်ရှုအားပေးပြီး တိုးချဲ့မွေးမြူနိုင်ရေး၊ ဈေးကွက်အတွင်း တိုးချဲ့တင်ပို့နိုင်ရေးတို့ကို မှာကြားခဲ့သည်။ ရွှေတောင်မှော်ကျေးရွာရှိ စိုင်းဟီဟအသားစားကြက်ခြံအနေဖြင့် တစ်နှစ် ၅ သုတ်ဖြင့် တိုင်းအတွင်း (၈၀)ရာခိုင်နှုန်းနှင့် တိုင်းပြင်ပ (၂၀) ရာခိုင်နှုန်း တင်ပို့ရောင်းချကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)