တန့်ယန်း ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာန နာယကဆရာကြီး ဒေါ်ဥပ္ပလထေရီ (သာသနဓဇ ဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)မှ ဦးဆောင်၍ ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်းအောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာကြီးဒေါ်ဥပ္ပလထေရီနှင့် အလှူရှင် ဦးအောင်ကျော်တို့က ရွှေမောင်း အောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)