ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကြည့်မြင်တိုင် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန် နှင့်ဆီများပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များကိုယ်စား အလုံမြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့်ဆီများ ပေးအပ်ထောက်ပံ့ရာတွင် အလုံခရိုင်အတွင်းရှိ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်များအတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)