အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက နမ့်စန်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ အသင့်ပြင်ဆင်ထားရှိမှု  ကွင်းဆင်းကြည့်ရှုစစ်ဆေး

နမ့်စန်(တ) ဒီဇင်ဘာ ၂၇

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများ အသင့်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိးထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါလျက်  ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မက်မွန်မုန်းကျေးရွာအုပ်စုနှင့် အမှတ်(၅)ကျေးရွာအုပ်စုတို့ရှိ အထွေထွေ ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့် မဲရုံများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နမ့်စန် မြို့နယ်အတွင်းရှိ အခြားရပ်ကွက်နှင့် ကျေးရွာများအလိုက် မဲရုံများပြင်ဆင်ပြီးစီးမှု အခြေအနေများကိုမေးမြန်းကာ လိုအပ်ချက်များမှာကြား၍ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်တွင် မဲဆန္ဒရှင်ပြည်သူများအဆင်ပြေချောမွေ့စွာ မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူ များထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်အနေဖြင့် ခိုလမ်မြို့အပါအဝင် ရပ်ကွက်(၁၁)ခုနှင့်ကျေးရွာအုပ်စု(၂၀)တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း  ၈၇၄၉၁ ဦးရှိပြီး မဲရုံပေါင်း (၇၈)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။                                                                                             

မြို့နယ်(ပြန်/ဆက်)