စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

စဉ့်ကိုင် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်သားမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသားများ၊ ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရသူများနှင့် ဝန်ထမ်းများ၏ ကြိုတင်ဆန္ဒပြုမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပါတီကိုယ်စားလှယ်များရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်မဲများကို ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

အဆိုပါကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ